မင်းတုန်း ၁၃ မေ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် မေ ၁၂ ရက်နေ့က အမျိုးသားတစ်ဦး နွားကျောင်းနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၂  ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန် မင်းတုန်းမြို့နယ်၊ ကြို့ဝကျေးရွာတွင် လူတစ်ဦး မိုးကြိုးပစ်ခံရ သေဆုံးသွားကြောင်းသတင်းအရ မင်းတုန်းမြို့နယ်၊ မြောက်ပြင်ရဲကင်းစခန်းမှူး ဒုရဲအုပ် မြတ်သိန်းထိုက် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

သေဆုံးသူမှာ သန်းထွန်း၊ ၄၅နှစ်၊ ကြို့ဝကျေးရွာ၊မင်းတုန်းမြို့နယ် နေသူဖြစ်ပြီး ယာနားအတွင်းမှ သွေးထွက်၊ရင်ညွန့်မီးလောင်သကဲ့သို့ အရေပြားစုတ်ပြဲ၊ ဦးခေါင်းယာခြမ်းရှိ ဆံပင်များ မီးလောင်ကျွမ်းထား သည့် လက္ခဏာတို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့၍ ဖြစ်စဉ်အား မေးမြန်းရာ သေဆုံးသူ သန်းထွန်း၏ဇနီး ဒေါ်မြင့်မြင့်ဦး၏ ပြောပြချက်အရ သန်းထွန်းသည် ကြို့ဝကျေးရွာတောင်ဘက်ရှိ ကိုင်းကွင်း၌ နွားကျောင်းနေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ခြင်းဖြစ်သည်။ သန်းထွန်းသေဆုံး မှုနှင့်ပက်သက်၍ မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်ဖြင့် အမှုဖွင့်ထားသည်။

ကျော်ဇေယျ