မန္တလေး ၂၃ ဩဂုတ်

 

COVID-19ရောဂါသည် ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုများအနေဖြင့် ပြန်လည်တွေ့ရှိလာသည့်အတွက် ဈေးကွက်အတွင်း၌ တစ်ခါသုံး Surgical Mask များနှင့် အ၀တ်စနှာခေါင်းစည်း Mask များ ၀ယ်လိုအားမြင့်တက်လျက်ရှိသည်။ ထို့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အ၀တ်စနှာခေါင်းစည်း Mask ချုပ်လုပ်ရောင်းချသည့် အထည်ချုပ်လုပ်ငန်းရှင်များအား ဈေးနှုန်းမတက်စေဘဲ ယခင်ပုံမှန်ဈေးနှုန်းများအတိုင်းသာ ဆက်လက်ရောင်းချကြဖို့ မန္တလေးတိုင်းဒေသကြီးအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

 

အ၀တ်စနှာခေါင်းစည်း Mask ဈေးနှုန်းများအနေဖြင့် တစ်ခုလျှင် ငွေကျပ်(၂၀၀)မှ (၄၀၀)၀န်းကျင်ကြား ကျသင့်ပြီး အကြိမ်ကြိမ်ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်ခြင်း၊ လေ၀င်လေထွက်ကောင်းစေခြင်း၊ ဈေးနှုန်းသက်သာခြင်းတွေကြောင့် ပြည်သူများအနေဖြင့် အခုနောက်ပိုင်းတွင် တစ်ခါသုံး Mask များသာမက အ၀တ်စ Mask များကိုပါ သုံးစွဲမှုတွေ များပြားလာကြောင်း သိရသည်။

 

#MRTV