မော်လမြိုင် စက်တင်ဘာ ၁၁

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသည့်အတွက် မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်များအလိုက် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်း၊ လူထုအသွားအလာများသည့် နေရာများတွင် ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များနှင့် နှာခေါင်းစည်းတပ်ဆင်ရေးတို့ကို ပြန်လည်လှုံ့ဆော် အသိပညာပေးခြင်း၊ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို စက်တင်ဘာ ၁၀ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ နှာခေါင်းစည်းတပ်ဆင်ရေး လှုံ့ဆော်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် အဝေးပြေးကားဝင်း၌ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများမှ အသိပညာပေးဆောင်ရွက်နေမှု၊ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

 

ထို့နောက် မော်လမြိုင်မြို့၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ခရိုင် ပြန်/ဆက်)