နွားထိုးကြီး ၇ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက်(၈၀)နှင့် (၈၅)နှစ် သက်ကြီးဘိုးဘွားများအား ယနေ့ နံနက် ၁၀ နာရီက ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ နွားထိုးကြီးမြို့နယ်အတွင်းရှိ အသက်(၈၀)နှင့် (၈၅)နှစ် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် သုံးသောင်းကျပ်ကို ဘိုးဘွား (၁၇၃၆)ဦးထံသို့ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်(ပြန်/ဆက်)


