နွားထိုးကြီး ၁၁ ဇွန်

 

နွားထိုးကြီးမြို့ အခြခံပညာအထက်တန်းကျောင်း အောင်သူရိန်ခန်းမ၌ လူငယ်နှင့် မူးယစ်ဆေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပါင်းကျင်းပခဲ့သည်။

 

mdn

 

ပြည်သူ့စကားဝိုင်းတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင်မှ မူးယစ်ဆေးနှင့် ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဖြစ်ပေါ် လာမည့် ဆိုးကျိုးများကို ရှင်းလင်းပြောကြားခဲ့ပြီး ရဲမှူး အောင်ဇော်မိုးက မှုးယစ်းဆေးဝါးနှင့် ပတ်သက်သည့် ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

 

 ယင်းနောက် တက်ရောက် လာသူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့သည်။

 

mdn

 

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်ဖိတ်ကြားထားသူများ၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ သည်။

 

သန်းအောင်ဇော်