နွားထိုးကြီး  ၇  ဇူလိုင် 

 

နွားထိုးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်တရားသူကြီး ဒေါ်ကျော့မေခိုင်က မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ရှင်းလင်းပွဲ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူး၊ အဓိကလုပ်ငန်းစဉ်များ၊ အလျင်အမြန် ဆောင်ရွက်ရမည့်  ရာဇတ်ဝတ်မှုများကို (၃)လအတွင်း၊ ရိုးရှင်းသော ရာဇဝတ်မှုများကို (၆)လအတွင်း၊ ရှုပ်ထွေးသော ရာဇဝတ်မှုများကို (၉)လအတွင်း အပြီးစစ်ဆေးပြီး ကြိုတင်ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ ရှေ့နေများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သန်းအောင်ဇော်(ပြန်/ဆက်)