နွားထိုးကြီး   ဇန်နဝါရီ   ၈

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးစည်ပင်သာယာဈေးကြီးတွင် ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ငါးများ အဆမတန်ဈေးမြှင့်ရောင်းချနေရာမှ မွေးမြူရေးငါးဒိုင်များ ရောက်လာပြီး ငါးတစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ မှ ၇၀၀၀ အတွင်း ဈေးနှုန်းသက်သာစွာ ရောင်းချပေး၍ မြို့ခံပြည်သူများ ဝမ်းသာလျက်ရှိသည်။

နွားထိုးကြီး ငါးဈေးမှာ  ၆၀၀၀၊ ၈၀၀၀၊ ၁၀၀၀၀၊ ၁၅၀၀၀ အထိ ဈေးမြင့်မားနေချိန် မွေးမြူရေး ငါးကြင်းတစ်ပိဿာ ၃၅၀၀၊ ငါးမုတ် ၃၀၀၀၊ ငါးတန် ၃၅၀၀၊ ငါးဖယ် ၇၀၀၀၊ ငါးသလောက် ၇၀၀၀ ဈေးများဖြင့်ဈေးသက်သာစွာရောင်းချပေးနေ၍ ငါးဈေးချိုချို စားသုံးနေရကြောင်း မြို့ခံများက ပြောပြသည်။

ပင်လယ်ငါးများ နွားထိုးကြီးဈေးကို ရန်ကုန်၊ မန္တလေးမှ ရောက်သော်လည်း ငါးသည်များမှာ အသားဈေးနှင့်အပြိုင် ရောင်းချနေ၍  ဈေးနှုန်းမြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။

ဌေးမြင့်မောင်(၀၉၅)