နေပြည်တော်၊ ဇွန် ၃

Naypyitaw State Academy ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယပညာသင်ကာလ သင်တန်းများ အားလုံးကို ယနေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားကြသည်။

Naypyitaw State Academy ၏ အတန်းအသီးသီးသို့ တက်ရောက်ရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အေးချမ်းပျော်ရွှင်စွာ ပညာသင် ကြားနိုင်စေရန် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများက လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးကြသည်။

Naypyitaw State Academy တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဒဿနိကဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းအင်းပညာ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ ဥပဒေပညာနှင့် ဆေးပညာအထူးပြု ဘာသာရပ်များ၏ ပထမနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဂုဏ်ထူးတန်းပထမနှစ်နှင့် ဂုဏ်ထူးတန်း ဒုတိယနှစ်သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်