ဆင်ပေါင်ဝဲ ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သည့် နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားနာယူပွဲနှင့် သက်ကြီးပူဇော်ပွဲကို ဧပြီ ၁၇ ရက် နံနက် ၇ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းသံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမ္မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလက သြဝါဒ ချီးမြှင့်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး သက်ကြီးပူဇော်ပွဲကို ကျင်းပရာ မြို့နယ်ရပ်ကွက်များမှ (၈၅)နှစ်အထက် ဘိုးဘွား(၅၃)ဦး အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း၍ ပူဇော်ကန်တော့ကြပြီး အမှတ်(၁)ရပ်ကွက်မှ အဘိုးဦးဆယ်တင်က ဘိုးဘွားများ ကိုယ်စား ဆုတောင်းစကားပြောကြားခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)