ချောင်းသာ ဧပြီ ၁၆
ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ နှစ်သစ်ကူးရုံးပိတ်ရက်ရှည် ကာလတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု များပြားလျက်ရှိရာ မဟာသင်္ကြန် အတတ်နေ့ဖြစ်သည့် ယနေ့တွင် ချောင်းသာကမ်းခြေ တစ်လျှောက် အပမ်းဖြေသူ၊ ရေကစားသူများဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်းသိရသည်။
ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေအပြင် ဖိုးကလားကျွန်း၊ သဲဖြူကျွန်းသို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့်လည်းကောင်း၊ သွားရောက်လည်ပတ်လျက်ရှိပြီး အဆိုပါနေရာများတွင်လည်း စည်ကားလျက် ရှိကြောင်း သိရသည်။
ကျော်ကျော် (ပြန်/ဆက်)
