သံတောင်ကြီး ၁၂ ဇန်နဝါရီ
ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်၌ ယာဉ်မောင်း နိုင်လင်းအောင် မောင်းနှင်ပြီး ရေဆင်းတက္ကသိုလ်မှ စိုက်ပျိုးရေးကျောင်းသား/ကျောင်းသူများ တင်ဆောင်လာသော မှန်လုံကား တစ်စီးသည် နော်ဘူဘော ဆုတောင်းတောင်သွားရာလမ်းတွင် မတက်နိုင်ဘဲ နောက်သို့ ပေ (၁၀ဝ) ခန့် ပြန်ဆင်းသွားပြီး လမ်းဘေး၌ တိမ်းမှောက်သွားသည်။

ထိုသို့တိမ်းမှောက်ခဲ့ရာတွင် ယာဉ်အတွင်းလိုက်ပါလာသော ကျောင်းသား/ကျောင်းသူများထဲမှ ကျောင်းသားတစ်ဦးသာ ခေါင်းထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်) မှ သိရသည်။
MDN
