သံတောင်ကြီး ၁၂ ဇန်နဝါရီ  

 

ကရင်ပြည်နယ်  သံတောင်ကြီးမြို့တွင်  ယနေ့နံနက်  ၈ နာရီ ၄၅ မိနစ်အချိန်၌ ယာဉ်မောင်း နိုင်လင်းအောင် မောင်းနှင်ပြီး ရေဆင်းတက္ကသိုလ်မှ စိုက်ပျိုးရေးကျောင်းသား/ကျောင်းသူများ တင်ဆောင်လာသော မှန်လုံကား တစ်စီးသည်  နော်ဘူဘော ဆုတောင်းတောင်သွားရာလမ်းတွင် မတက်နိုင်ဘဲ  နောက်သို့ ပေ (၁၀ဝ) ခန့် ပြန်ဆင်းသွားပြီး လမ်းဘေး၌ တိမ်းမှောက်သွားသည်။

 

IMG_201901

 

ထိုသို့တိမ်းမှောက်ခဲ့ရာတွင် ယာဉ်အတွင်းလိုက်ပါလာသော ကျောင်းသား/ကျောင်းသူများထဲမှ ကျောင်းသားတစ်ဦးသာ ခေါင်းထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်) မှ သိရသည်။

 

MDN

 

IMG2019