နောင်ချို ၄ သြဂုတ်            

                                                                                                                                         

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့နယ်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းတို့က အမှာစကားပြောကြားရာတွင် ပြည်တွင်း၊ ပြည်ပ ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် နောင်ချိုကြီးကျေးရွာအား ခရီးစဉ်အသစ်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း၊ ခရီးသည်များ ခရီးစဉ်လုံခြုံစိတ်ချရေးသည် အဓိကဖြစ်ကြောင်း၊ အားလုံး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

၎င်းနောက် မြို့နယ်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကော်မတီအဖွဲ့ဝင်  ဒေါ်မေသင်္ကြန်ဟိန်က  “နောင်ချိုမြို့နယ်အနေဖြင့် ဧည့်သည်အဝင်/အထွက် များလာသည်နှင့်အမျှ  ဒေသခံပြည်သူများ အနေဖြင့် အကျိုးအမြတ်ရရှိစေရန်၊ ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပါကြောင်း၊ ကော်မတီ အဖွဲ့ဝင်များနှင့် ပတ်သက်၍ တစ်ဦးတစ်ယောက်ချင်းစီ တာဝန်ခွဲဝေချထားပြီး ဆောင်ရွက်မှသာ အောင်မြင်သော ခရီးသွားလုပ်ငန်း ဖြစ်လာမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပတ်သက်ပြီး စည်းမျည်းစည်းကမ်းများ ချမှတ်ထားစေလိုကြောင်း” ပြောကြားခဲ့ကာ တက်ရောက်လာကြသော ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကော်မတီဝင်များ၊ လုပ်ငန်းရှင်များက  ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ထွေးငယ်(ပြန်/ဆက်)