နောင်ချို မေ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ နောင်ချိူမြို့နယ်ဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိရာ မေ ၂၈ ရက်တွင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဘူတာရပ်ကွက်၊ နားရှိုးရပ်ကွက်များရှိ တောင်သူ ၁၆၃ ဦးအား စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၁၀၂၀၀၀၀၀ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူလယ်သမား ဦးကြီးများသို့ စိုက်ပျိုးစရိတ်အရင်းအနှီးများ ရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ အချိန်စေ့ ချေးငွေပြေကျေမှသာ (ယခင်ကျွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင်ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော အခြားနှစ်တို၊ နှစ်လတ် ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်သည်။

ချေးငွေများထုတ်ချေးရာတွင် တစ်ဧကလျှင် စပါး(၁၅၀၀၀၀)ကျပ်၊ ယာသီးနှံ(၁၀၀၀၀၀)ကျပ်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ကျန်ကျေးရွာအုပ်စုများသို့ မိုးစပါးချေးငွေများ ဆက်လက်ထုတ်ချေးပေးသွာမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နုနုအေးထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)