နောင်တရား ၂၃ စက်တင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ဒေသ၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသည့်လူနာများ၏ ကျန်းမာရေးကိစ္စအဝဝအတွက် အသုံပြုနိုင်ရန် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အောင်ဆီဂျင်စက်(Air-Concentrator (5L)နှင့် ချွဲစုပ်စက်(Suction Machine) ဝယ်ယူနိုင်ရေးအတွက် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံ၌ အလှူငွေများပေးအပ်လှူဒါန်းသည်။
နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံအတွက် လိုအပ်သည့် စက်ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးစိုင်းချမ်းမြေ့ဝင်းနှင့် အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ အလှူငွေကျပ်(၉၀၀၀၀၀) ကိုပေးအပ်လှူဒါန်းပြီး နောင်တရား တိုက်နယ်ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဝတ်ရည်ဖြိုးက လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး အလှူရှင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ အလှူရှင်များမှ လှူဒါန်းသည့်ငွေများဖြင့် နောင်တရားတိုက်နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အောင်ဆီဂျင်စက်(Air-Concentrator (5L) တစ်လုံးနှင့် ချွဲစုပ်စက် (Suction Machine)တစ်လုံး ဝယ်ယူအသုံးပြုသွားမည်ဟု သိရသည်။
ခွန်အောင်(နောင်တရား)