နောင်တရား ၁၃ မေ
ပင်လောင်းမြို့နယ်၊ နောင်တရားမြို့သို့ ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ် ရန်အောင်မြေကုန်းတော်၌ တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တို့ကိုမော်တော်ယာဉ်ဖြင့် ဒေသစာရီကြွချီအပူဇော်ခံခဲ့သည်။
စကျင်ဗုဒ္ဓရုပ်ပွားတော်၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်တို့အား လွိုင်ကော်မှ ပင့်ဆောင်၍ ဒေသစာရီကြွချီအပူဇော်ခံရာတွင် နောင်တရားမြို့သို့ရောက်ရှိကာ ဌာနဆိုင်ရာများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများက ကြိုဆိုဖူးမြော် ကြည်ညိုကြသည်။ ဌာနဆိုင်ရာများ နှင့် ဒေသခံပြည်သူများကလှူဒါန်းငွေကျပ်(၃၀ဝ၀ဝ၀) ကျော်ထည့်ဝင်လှူဒါန်းခဲ့သည်။ဆက်လက်၍ အပူဇော်ခံ ရန်အတွက်ထွက်ခွာရာတွင် ပင်လောင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်နှင့် ပင်လောင်းမြို့နယ် ဌာနဆိုင်ရာများ၊ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ ပို့ဆောင်ကြကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)