လွိုင်ကော်    ၃၀   မေ    

 

Care International in Norway အဖွဲ့မှ တာဝန်ရှိသူများသည် နော်ဝေနိုင်ငံအစိုးရပိုင် မီဒီယာ ဖြစ်သည့်  NRK သတင်းဌာနနှင့် အတူ Care International Myanmar အဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်နေသော ကျား/မ အခြေပြုလုပ်ငန်းနှင့် ပတ်သက်သော မှတ်တမ်းဗီဒီယိုများကို ယနေ့ နံနက် ၉ နာရီခွဲက ကယားပြည်နယ် လွိုင်ကော်မြို့နယ် နမ့်ကွတ်ကျေးရွာတွင် ဆက်လက်ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

mdn


NRK သတင်းဌာနမှ ရိုက်ကူးရေးအဖွဲ့သည် နမ့်ကွတ်ကျေးရွာအတွင်း Care International Myanmar အဖွဲ့မှ ထောက်ပံ့ကူညီမှုဖြင့် အဝတ်လျှော်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော ဒေါ်အေးနှင်းဖြူ အား လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အင်တာဗျူးမှတ်တမ်းဗီဒီယို ရိုက်ကူးခဲ့သည်။ ဆက်လက်၍ နေ့လည်ပိုင်းတွင် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော  ဒေါ်မီးမီးအား အင်တာဗျူးမှတ်တမ်း ဗီဒီယိုရိုက်ကူး ဆက်လက်ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

mdn


နော်ဝေနိုင်ငံအစိုးရပိုင် မီဒီယာဖြစ်သည့်  NRK သတင်းဌာနမှ ရိုက်ကူးရေးအဖွဲ့သည် Care International Myanmar အဖွဲ့မှ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်နေသော ကျား/မအခြေပြုနှင့် ဆိုင်သော အမျိုးသမီးများကို တွေ့ဆုံပြီး မှတ်တမ်းဗီဒီယိုရိုက်ကူးရေး လုပ်ငန်းများကို လွိုင်ကော်မြို့နယ် ကန်နီကျေးရွာနှင့် နမ့်ကွတ်ကျေးရွာတို့တွင် နှစ်ရက်တာ ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

လွိုင်ကော်သား