နေပြည်တော် စက်တင်ဘာ ၂၀

 

စပါးစိုက်ဧကများ၊ ဥယျာဉ်ခြံများအား ဆည်ရေ​​ပေး​ဝေရာတွင် ​တောင်သူများ အကျိုးပြု​စေ​ရေး အ​လေးထားဆောင်ရွက်ရန်၊ ​ရေ​လှောင်တမံ ခံနိုင်ရည်​ပေါ်မူတည်၍ ​ရေသို​လှောင်နိုင်သည့် ပမာဏကို အမြဲမပြတ်စစ်​ဆေးတွက်ချက်ကာ ​​ရေထုတ်ပြွန်များဖြင့် စနစ်တကျ ​ရေပိုလွှဲထုတ်နိုင်​ရေး ​ဆောင်ရွက်ရန်၊ နွေစပါးနှင့် အခြားသီးနှံများ ဖြစ်ထွန်း​အောင်မြင်​စေ​ရေးအတွက် ဆည်​ရေ​အား ပြည့်ဝစွာပေး​ဝေနိုင်​ရန် လိုအပ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြောကြားသည်။

 

မုဒုံမြို့ အဇင်း​ရေ​​လှောင်တမံမှ စိုက်ပျိုးရေ​ ပေးဝေနေသည့် အခြေအနေနှင့် မြို့ရေပေးဝေနေမှုအခြေအနေကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဇင်း​ရေ​​လှောင်တမံသည် စပါးစိုက်ဧက (၂၀၀၀)၊ ဥယျာဉ်ခြံ ဧက (၁၀၃၈) ကို ​စိုက်ပျိုးရေ​ပေးဝေလျက်ရှိပြီး မြို့​ရေ​ပေး​ဝေ​ရေးအ​နေဖြင့် တစ်ရက်လျှင် ရေဂါလန်သန်းပေါင်း (၁ ဒသမ ၄) ဂါလန် ပေး​ဝေလျက်ရှိကြောင်း သိရသည်။

 

mdn

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မုဒုံမြို့နယ်၊ တော်ကူးကျေးရွာ Rs,Cs စပါး မျိုးကောင်း၊ မျိုးသန့် ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက် (၅၁)ဧက ဖော်ဆောင်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုရာ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှူးက မျိုးသန့်မျိုးစေ့များ ပံ့ပိုးပေးခြင်း၊ မြေဆီလွှာအာဟာရ ဓါတ်ပါဝင်မှု စစ်ဆေးပြီး မြေဩဇာထောက်ခံချက်ပေးခြင်း၊ ပိုးမွှားရောဂါဆိုင်ရာ ကာကွယ်​ရေး အသိပညာပေးခြင်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီး ​နွေစပါး အပါအဝင် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်​ရေး ​ဆောင်ရွက်ကြရန်၊ နိုင်ငံစီးပွား ဖွံ့ဖြိုး​ရေးရန်ပုံငွေဖြင့် ​တောင်သူများကို တိုက်ရိုက်အကျိုးပြုသည့် စိုက်ပျိုး​ရေးလုပ်ငန်းများ​အပြင် ​မွေးမြူရေးလုပ်ငန်းများ၊ အ​သေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများကို အား​ပေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ​တောင်သူများကို ရင်းရင်းနှီးနှီး ​တွေ့ဆုံနှုတ်ဆက်သည်။

 

မုဒုံမြို့နယ်ရှိ ​ကျေးရွာများတွင် ​ပေါ်ဆန်းရင်စပါးအမျိုးအစားကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ​တောင်သူများ ပူး​ပေါင်း၍ ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက် (၁၅၁)ဧက စိုက်ပျိုးထားရှိကာ မျိုး​ကောင်း၊ မျိုး​ကောင်းမျိုးသန့်များအား ​တောင်သူများထံ ဖြန့်​ဝေခြင်း၊ အ​လေအလွင့် နည်းပါး​စေရန်နှင့် အရည်အ​သွေး ​ကောင်းမွန်​သော ​မြေဩဇာများ စနစ်တကျ အသုံးပြု​စေခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာများဖြန့်​ဝေကာ ကန်ထရိုက်လယ်ယာစနစ်ဖြင့် မျိုး​စေ့ထုတ်ကုမ္ပဏီများနှင့် ချိတ်ဆက်​ဆောင်ရွက်​ပေးခြင်းအပြင် ကုန်ထုတ်သမဝါယမအသင်းများနှင့် ​ပေါင်းစပ်၍ မျိုး​စေ့ထုတ်​တောင်သူများကို ပံ့ပိုး​ကူညီ ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

 

သတင်းစဉ်