နေပြည်တော် ဇန်နဝါရီ ၄

 

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၆၁၃၄ ဦးကို ယနေ့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးရာ နေပြည်တော် အချုပ်ထောင်မှ အကျဉ်းသား ၇၀၊ နေပြည်တော် ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ အကျဉ်းသား ၂၁ ဦး စုစုပေါင်း အကျဉ်းသား ၉၁ ဦးတို့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ရရှိခဲ့ကြသည်။

 

ဆုံးမဩဝါဒစကားပြောကြား

ထိုကဲ့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်ရှိ နေပြည်တော် အချုပ်ထောင် ဧည့်တွေ့နားနေဆောင်၌ ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ နေပြည်တော် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်း တာဝန်ခံ၊ နေပြည်တော် အချုပ်ထောင် တာဝန်ခံနှင့် တာဝန်ရှိသူများက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများကို ဆုံးမဩဝါဒစကား ပြောကြားကြပြီး ထောင်လွတ် လက်မှတ်၊ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင်ခံစားခွင့်ငွေများ ပေးအပ်ကာ သက်ဆိုင်ရာကားဂိတ်များသို့ ပို့ဆောင်ပေးကြကြောင်း သိရသည်။

နီလာ(ပြန်/ဆက်)