နေပြည်တော် မေ ၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော်စည်ပင်သာယာရေး ကော်မတီ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ အမဲသား၊ ဝက်သား ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွား ရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် သုံးဆယ့်နှစ်ရက်နေ့ မြောက်အဖြစ် ဈေးကား ၈ စီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်မှ မေ ၁ ရက်အထိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရ သီရိဆေးရုံဝန်ထမ်းအိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက် အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိ ရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ ပညာရေး တိုက်တန်း၊ တပ်ကုန်းကုတင်-၁၀၀ ဆေးရုံ၊ MICC-2 ၊ မြန်မာ့ရုပ်မြင် သံကြား(MRTV)၊ ပိတောက်မြေ အသံလွှင့်ဌာန၊ အပျိုဆောင်၊ လူပျိုဆောင်များ၊ စည်ပင်ဧည့်ရိပ်သာ (၁)(၂)၊ Gold Camp၊ နှင့် အ.ထ.က(၁၁) တို့ရှိ ဝန်ထမ်းများနှင့်ပြည်သူများ အား ဆန် ၆ ပြည်ပါ (မနောသုခ- Export Quality) ၁၀၀၆၁ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၃၃၃ အိတ်၊ ဆီ ပိဿာ ၃၁၃၇၀ ၊ ဆား ၁၅၀၉ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၅၄၂၉ ထုပ်၊ ငါးပိ ၂၉၂ ပိဿာ၊ ကြက်သား ၂၅၀ ကောင်၊ ဝက်သား ၂၀ ပိဿာ၊ အမဲသား ၂၅ ပိဿာ၊ ကြက်ဥ ၁၄၆၂၀ လုံး၊ ဘဲဥ ၆၄၈၀ လုံး၊ ငုံးဥအလုံး ၂၀၀၀ ၊ ငါးတံခွန်ခြောက်များ၊ ငါးပုတ်သင်ခြောက်များ၊ ငါးနီတူခြောက်များ၊ အာပြဲ ခြောက်များ၊ ငါးကြင်း ၄၅ ပိဿာ၊ ငါးတန်ပိဿာ ၄၀ ၊ ငါးမုတ် ပိဿာ ၃၀ ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ခရမ်းချဉ်သီး၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ခရမ်းသီးနှင့် မုန်ညင်းဖြူ စသည့် ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်သည်။
အလားတူ စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) ၃၀၈ အိတ်၊ စားအုန်းဆီ ၄၈၇၃ ပိဿာ၊ ဆား ၆၉ ပိဿာ၊ ကုလားပဲ (၂၀)ကျပ် သားပါ ၃၅၄ ဘူး၊ ငါးပိ ၂၂ ပိဿာ၊ ကြက်သွန်နီ ၅၆၈ ပိဿာ၊ အသားတု ၂၆ ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုဇွန်ခြောက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၅၉၆ အိတ်၊ စားအုန်းဆီ ၅၇၂၀၀ ပိဿာ၊ ဆား ၁၀၆ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ ၈၈ ထုပ်၊ ငါးပိ ၂၁ ပိဿာ၊ ငါးနီတူခြောက်၊ အာပြဲခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)