နေပြည်တော်  ၂၆   ဇူလိုင် 


နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရွှေပြည်တော်ဝင်လမ်းနှင့် ဒက္ခိဏသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအကြားရှိ ပန်းခြံအတွင်း ကျင်းပသည်။ 


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် စင်ကာပူချယ်ရီပင်ကို စိုက်ပျိုးပေးပြီး ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများကသတ်မှတ်အပင်များအား စိုက်ပျိုးပေးကြသည်။ 


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများက နေပြည်တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများမှ အရိပ်ရလေကာပင်များဖြစ်သည့် စင်ကာပူချယ်ရီ၊ ခရေ၊ ပျဉ်းမ၊ ငု၊ သပေ့ပူရ နှင့် စိန်ပန်းပင်တို့ စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးသည်။ ယနေ့အခမ်းအနားတွင်  ပျိုးပင်ပေါင်း (၁၇၅) ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည်။


(သတင်းစဉ်)