နေပြည်တော်  ၇   ဇူလိုင် 

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဧကတစ်ထောင်အနီးရှိ သတ္တမဝေပုလ္လစာသင်တိုက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဇူလိုင်(၇)ရက်တွင်ကျရောက်သည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၉ နာရီက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပသည်။ 

 

သစ်ပင်စိုက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအမှတ် ၉ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမောင်မောင်ဆွေ၊ Green Grow Group Myanmar မှတာဝန်ရှိသူများ အောင်ပန်းမြိုင်နာရေးကူညီမှုအသင်းဥက္ကဋ္ဌဆရာ တော်ဘဒ္ဒန္တစာရိတ္တနှင့် ကျောင်းအကျိုး တော်ဆောင်အဖွဲ့များ၊ ဓနသိဒ္ဓိ/ဗလသိဒ္ဓိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ဓနသိဒ္ဓိ/ဗလသိဒ္ဓိရပ်ကွက်နေ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများက ရတနာတန်းဝင် ကျွန်းသစ်ပျိုးပင် ပေါင်း ၅၅၀ ကို တပျော်တပါး စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။ 

 

မောင်လူမော်