နေပြည်တော် ဒီဇင်ဘာ ၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ နေပြည်တော်၊ ပြည်နယ် နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၅ ဒသမ ၈၄၂၈) တန်၊ သစ်မာ (၁၂ ဒသမ ၂၉၇၄)တန်၊ အခြား (၃၄၈ ဒသမ ၁၆၁၈)တန်၊ စုစုပေါင်း (၃၈၆ ဒသမ ၃၀၂၀) တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၁၃) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်