နေပြည်တော်     မေ     ၁၁

 

နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  မေ ၁၁ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက “ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းများကို ကဏ္ဍအလိုက် သက်ဆိုင်သည့်ဌာနများ ပူးပေါင်း၍ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး နှင့် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ လက်ရှိဖွဲ့စည်းထားသည့် ကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် ဆွေးနွေးပေးကြရန် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍအနေဖြင့်  ပြည်သူလူထု ပူးပေါင်းလာစေရန် အသိပညာပေးခြင်း၊ သန့်ရှင်းသပ်ရပ်သော စံပြကျေးရွာများ တည်ထောင်မှုမှာ ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ စိမ်းလန်းသန့်ရှင်းသော ကျောင်းများ (Clean and Green School)များ ဖြစ်ပေါ်လာစေရေးအတွက် စာသင်ကျောင်းများနှင့် ပြည်သူလူထု အသိပညာပေးခြင်းများကို အလေးထား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊  ကော်မတီ၏လုပ်ငန်းတာဝန်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာသော အဖွဲ့ဝင်ဌာနများ အနေဖြင့် လက်တွဲပူးပေါင်း၍ အချိတ်အဆက်မိမိ ဆောင်ရွက်သွားကြရန်” ပြောကြားသည်။

 

ထို့နောက် နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေက  ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြည်ထောင်စု ဒေသန္တရ ()နှစ် အမျိုးသားစီမံကိန်းမူဘောင် (၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် စီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ နိုင်ရေးကိစ္စများ၊  နေပြည်တော် ပလတ်စတစ်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ် (Nay Pyi Taw Plastic Waste Management Action Plan) (မူကြမ်း) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ‌ဆွေးနွေးချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အောင်ကိုကို(ပြန်/ဆက်)