နေပြည်တော် ဇူလိုင် ၁၃

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၄ ရက်မှ ၁၀ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၅၀ ဒသမ ၅၀၀၂) တန်၊ သစ်မာ (၄၆ ဒသမ ၉၇၃၈)တန်၊ အခြား (၁၈ ဒသမ ၁၂၉၂)တန်၊ စုစုပေါင်း (၁၁၅ ဒသမ ၆၀၃၂)တန်၊ တရားခံ ()ဦး၊ ယာဉ်/ ယန္တရား ()စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

(သတင်းစဉ်)