နေပြည်တော် ဩဂုတ် ၃၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဩဂုတ် ၂၂ ရက်မှ ၂၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၉ ဒသမ ၉၉၈၈) တန်၊ သစ်မာ (၇ ဒသမ ၇၄၆၆)တန်၊ အခြား (၅၉ ဒသမ ၈၉၈၈)တန်၊ စုစုပေါင်း (၁၁၇ ဒသမ ၆၄၄၂)တန်၊ တရားခံ (၁၇)ဦး၊ ယာဉ်/ယန္တရား (၁၈)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)