နေပြည်တော် ဩဂုတ် ၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၈ ဒသမ ၇၉၄၂) တန်၊ သစ်မာ (၃၄ ဒသမ ၀၄၀၈)တန်၊ အခြား (၁၂ ဒသမ ၄၃၄၂)တန်၊ စုစုပေါင်း (၁၀၅ ဒသမ ၂၆၉၂)တန်၊ ဖမ်းဆီးရမိသူ (၃၃)ဦး၊ ယာဉ်/ယန္တရား (၁၇)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန မှ သိရသည်။ 

သတင်းစဉ်