နေပြည်တော်  ၂၂  စက်တင်ဘာ

 

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် video Conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များက Video Conferencing ဖြင့် ပါဝင်ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့ ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက တင်ပြလာသည့် လုပ်ငန်း တည်ဆောက်ရေးကာလ စတင်သည့်နေ့ရက် သတ်မှတ်ခွင့်နှင့် အတည်ပြုမိန့်တွင် စုစုပေါင်းမ တည်ငွေရင်းပမာဏပြင်ဆင်ခွင့်အား ဆွေးနွေးအတည်ပြုပေးခဲ့ကြောင်း သိရသည်။

 

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)

 

mdn