နေပြည်တော် ၁၀ ဇူလိုင်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁ ရက်မှ ၇ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၉၇ ဒသမ ၂၂၂၇ တန်၊ သစ်မာ ၈၂ ဒသမ ၂၅၉၁ တန်နှင့် အခြားသစ် ၁၈၂ ဒသမ ၃၅၉၂ တန် စုစုပေါင်း ၃၆၁ ဒသမ ၈၄၁၀ တန်၊ ပြစ်မှုကျူးလွန်သူ ၄၃ ဦးနှင့် ယာဉ်/ယန္တရား ၆၆ စီး ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိမှုများတွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းမှ ပိတောက်၊ ကညင်နှင့် ကတွက်ခွဲသား စုစုပေါင်း ၅၈ ဒသမ ဝ၀၉၄၀ တန် သိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


