၁။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း အခြေတကျ ဆိုင်ဖွင့်လှစ် ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များမှ လိုအပ်သည့် ရင်းနှီး မတည်ငွေအတွက် အတိုးနှုန်း သက်သာသောချေးငွေ (ချေးငွေသက်တမ်း (၁) နှစ်၊ ၁ နှစ်လျှင် အတိုးနှုန်း ၂%) ကို အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ ထုတ်ချေးပေးမည်ဖြစ်ကြောင်း (၂၄-၇-၂၀၂၀) ရက်နေ့တွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ချေးငွေထုတ်ချေးရေးဦးဆောင်ကော်မတီမှ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် အခြေတကျ ဆိုင်ဖွင့်လှစ် ရောင်းချသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များသို့ ထုတ်ချေးရန် ချေးငွေ လျှောက်ထားသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၄၄) ဖွဲ့အတွက် ချေးငွေ ကျပ် (၅၉.၄၉၈) ဘီလီယံအား စိစစ်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။
၃။ သို့ပါ၍ အတိုးနှုန်းသက်သာသောချေးငွေ ရယူလိုသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် အခြေတကျ ဆိုင်ဖွင့်လှစ်ရောင်းချသော လက်ဖက်ရည်ဆိုင်နှင့် စားသောက် ဆိုင်ငယ်လုပ်ငန်းရှင်များအနေဖြင့် အောက်ပါဇယားတွင် ဖော်ပြထားသည့် အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းများနှင့်ဆက်သွယ်၍ ချေးငွေများ ရယူနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
၄။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်အလိုက် ချေးငွေရယူနိုင်သော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ အမည်စာရင်းများအား ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ Website: www.frd.gov.mm နှင့် Facebook Page – Financial Regulatory Department တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန