နေပြည်တော် ဇွန် ၁၅
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပျံချီ) သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း၊ အပြင်၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ ဆရာမများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ရပ်ကွက်/ ကျေးရွာများရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ ကျေးရွာများကို စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်ကင်းစင်စေရေးနှင့် ရပ်ကွက်/ ကျေးရွာများ ဖွံဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး လယ်ဝေးမြို့နယ် မြို့ရှောင်လမ်းဘေးဝဲယာရှိ စပါးစိုက်ခင်းနှင့် ဆီထွက်သီးနှံ စိုက်ခင်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ခရမ်းကိုင်းကွင်း အဆင့်မြင့် လယ်ယာမြေဧက (၂၀၀) ရှင်းလင်းဆောင်၌ ကျင်းပသည့် လယ်ဝေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရာက်ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် စပါးနှင့် အခြာသီးနှံများ စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ တောင်သူများ ဝင်ငွေမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များသုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက်ထည့်သွင်းပေးခြင်းနှင့် ရိတ်သိမ်းရာတွင် အလေအလွင့် အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားကာ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးသည့် တောင်သူများကို သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး EM သဘာဝမြေဩဇာ ပြုလုပ်မှုနှင့် သုံးစွဲခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၂၀ ၌ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်နှင့် တွဲဖက်သုံး (၁၀) တန်းသွား မျိုးစေ့ချကိရိယာ၊ လက်ဆွဲမျိုးစေ့ချကိရိယာတို့ဖြင့် မိုးစပါး သရုပ်ပြစိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ရန်အောင်မြင်ကျေးရွာအုပ်စု ရွှေပြည်တော်ဝင်လမ်းဘေး၌ ကျင်းပသည့် မြို့နယ်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်ကာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ သတ်မှတ်နေရာများတွင် သစ်ပင်ပျိုးပင် ၂၅၀ စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်