လယ်ဝေး နိုဝင်ဘာ ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လယ်ဝေးမြို့နယ်ရုံးမှ Top One ကိုယ်ပိုင် အထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူလေးများအား ယမန်နေ့က နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးနေမှုနှင့် Biometric Data ကောက်ယူနေမှုများကို နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးအောင်ခိုင်ဆွေ လာရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအောင်ခိုင်ဆွေက ကျောင်းသား ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်အရေးပါပုံကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အသက် ၁၀ နှစ် အထက် ကျောင်းသား ကျောင်းသူများနှင့် အမှတ် ၅ ရပ်ကွက်မှ ပြည်သူများအား Biometric Data ကောက်ယူခြင်း လုပ်ငန်းများကို စစ်ဆေးကြည့်ရှုရာ လယ်ဝေးခရိုင် ဦးစီးမှူး ဒေါ်မြင့်မြင့်သက်နှင့် မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)