နေပြည်တော် ၁၆ စက်တင်ဘာလ

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညို လမ်းဘေး(မြို့မဈေးအနီး) အငြိမ်းစားဝန်ထမ်းအိမ်ရာတွင် ပထမအကြိမ်ဆောက်လုပ်သည့် တိုက် (၃၉)လုံးမှအခန်းများကို စက်တင်ဘာလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ပါသည်။ ဆက်လက်ပြီး အဆိုပါနေရာတွင် ကျန်ရှိနေသေးသည့် ဧက၂၀၀ ကျော်တွင် တိုက်အလုံး(၁၅၀)ကို နောက်နှစ် မတ်လတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

#နေပြည်တော်သတင်းဌာန

#MRTV