နေပြည်တော် ၂၅ မေ
    

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဒေါက်တာ မျိုးအောင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးဆန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့နှင့်အတူ နေပြည်တော်ကောင်စီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော တိုးချဲ့ဝန်ထမ်းအိမ်ရာများဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်အိမ်ရာ (၁၀)လုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးအိမ်ရာ (၁၀)လုံး၊ အရာထမ်းအိမ်ရာ (၁၅)လုံး၊ အမှုထမ်းအိမ်ရာ (၂၅)လုံး၊ လူပျိုဆောင်/အပျိုဆောင် (၁၆)လုံး စုစုပေါင်း (၇၆)လုံး ဆောက်လုပ်နေမှုများနှင့် ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
    

ထိုသို့စစ်ဆေးရာတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးအတွက် တာဝန်ယူတည် ဆောက်နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများ၊ အရည်အသွေးစစ်ဆေးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ တည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှု ကိစ္စရပ်များနှင့်ပတ်သက်၍ စံချိန်စံညွှန်းပြည့်မီစွာ သတ်မှတ်ကာလအတွင်း အဆောက်အဦများ အပ်နှံနိုင်ရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

 

1