နေပြည်တော် ဒီဇင်ဘာ ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ပျဉ်းမနားမြို့နယ် ပန်းခင်းလမ်း လမ်းဘေးဝဲယာ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ သစ်ပင်များ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းနေမှုနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်း မွန်စေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဥတ္တသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်း အတွင်း/အပြင်တွင် စုပေါင်းသန့်ရှင်းရေး ဆောင် ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ဥတ္တသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက် ပဲခူးလမ်းနှင့် မန္တလေးလမ်းဆုံ၌ Box Culvert ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး စံချိန်စံညွှန်း ပြည့်မီရေး၊ ရေရှည်ခိုင်မာရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်