နေပြည်တော် ဒီဇင်ဘာ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အတူ နေပြည်တော်ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဝန်ထမ်းများ သက်သာချောင်ချိရေး တန်ဖိုးသင့် ထမင်းဆိုင်မှ ထမင်းနှင့်ဟင်းလျာများ ရောင်းချပေးနေမှုနှင့် ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသုံးနိုင်ရေး ဝက်သား၊ အမဲသား၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့် ဟင်းသီးဟင်းရွက်များကို နေပြည်တော်ကောင်စီရုံးဝင်း၌ ရောင်းချပေးနေမှုနှင့် ဝန်ထမ်းများ ဝယ်ယူနေမှုကို ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုအားပေးသည်။
အဆိုပါ စားသောက်ကုန်များရောင်းချရာတွင် ဒေသထွက် ဝက်သား၊ အမဲသား၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ နှင့် ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာစွာ ရောင်းချပေးသဖြင့် ဝန်ထမ်းများဝယ်ယူမှုများပြားကြောင်း၊ နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)