နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်၊ “သုတရောင်ခြည်” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။
ဦးစွာ “သုတရောင်ခြည်” စာကြည့်တိုက် အဆောက်အဦအသစ်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် ပုပ္ပါးကုန်းရပ်ကွက် ရပ်မိရပ်ဖ ဦးသောင်းညွန့်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာ နေမှုနှင့် စာအုပ်စာစောင်များထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီးနောက် စာကြည့်တိုက်အတွက် MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံလည်းကောင်း၊ နေပြည်တော်ကောင်စီမှ စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေများနှင် စာအုပ်စာစောင်များကိုလည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်စာကြည့်တိုက်များ ဖောင်ဒေးရှင်ဥက္ကဋ္ဌ တို့က စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လှထံ လွှဲပြောင်းပေးအပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာကြည်တိုက်ဖွင့်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)