နေပြည်တော် ဒီဇင်ဘာ ၂၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အေလာကျေးရွာသို့ရောက်ရှိပြီး ဦးအေးထွန်း၏ ပြည်လုံး ချမ်းသာဆီစက် လည်ပတ်နေမှုနှင့် မြေပဲများကြိတ်ခွဲနေမှုကို ကြည့်ရှုအားပေးကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် သာစည် ကျေးရွာအနီး ရုံးပင်ချောင်း ယာယီရေထိန်းဆည် တည်ဆောက်နေမှုနှင့် ဆိုလာစနစ်ဖြင့် ရေတင်၍ မဒန်းဆည်ရေသောက်ဧက ၅၀၀ ကို ရေကူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တစ်နှစ်လျှင် သုံးသီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ရုံးပင်ချောင်းယာယီရေထိန်းဆည် တည်ဆောက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ တော်ဝင်ရတနာလမ်း ဘေးဝဲ/ယာတွင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်း သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်အင်္ဂါရပ်နှင့် အညီ အမြဲသန့်ရှင်း သာယာလှပရေး ဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာတွင် ရာသီအလိုက် ပွင့်သည့် ပန်းပင်များ စနစ်တကျ စိုက်ပျိုးထားရှိရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်