နေပြည်တော် ဒီဇင်ဘာ ၂၀
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီး ဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အခြေခံစာတတ် မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန နှင့် နေပြည်တော်ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများ၊ နေပြည်တော် စာတတ်မြောက်ရေးလုပ်ငန်း တွင် တာဝန်ယူသင်ကြားပေးကြမည့် စေတနာလုပ်အားပေး နည်းပြနှင့်ကြီးကြပ်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်အတွင်းမှ ဦးတည်အုပ်စုဖြစ်သည့် အသက် (၁၅)နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ် တိုင်းရင်း သားပြည်သူများ စာတတ်မြောက်လာစေရေးနှင့် လူနေမှုဘဝများ မြင့်မားလာစေရေးတို့ အတွက် အသိပညာများ ဖြန့်ဝေရာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာခံပြီး ဒေသဖွံဖြိုးရေးနှင့် စာတတ် မြောက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန် ဦးဆောင်သင်ကြားပေးကြမည့် စေတနာ လုပ်အားပေးနည်းပြ၊ ကြီးကြပ်များအနေဖြင့် သင်တန်းကာလတွင် အသေးစိတ် လေ့လာမှတ်သား ကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ စေတနာလုပ်အားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်၌ အခြေခံစာတတ် မြောက်ရေးလုပ်ငန်း ကြိုတင်ပြင်ဆင်ခြင်း၊ အစ၊ အလယ်၊ အဆုံး လုပ်ငန်းများတွင် ကော်မတီဝင် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ အပါအဝင် စေတနာလုပ်အားပေး နည်းပြ၊ကြီးကြပ်များက ပူးပေါင်းပါဝင် ဆောင်ရွက ်ပေးကြရန်နှင့် လူတိုင်းအတွက် ပညာရေး(Education For All- EFA) လုပ်ငန်းစဉ်များတွင် အားလုံး က ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွင်း စာမတတ်သူဦးရေ လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများတွင် သက်ဆိုင်သူ များ အားလုံးက ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် စေတနာလုပ် အားပေး နည်းပြ၊ကြီးကြပ်များနှင့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ မြို့နယ် (၈) မြို့နယ် အခြေခံစာတတ်မြောက် ရေးလုပ်ငန်းနည်းပြသင်တန်းသို့ မြို့နယ်များမှ စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ် သင်တန်း သား သင်တန်းသူ (၁၀၇)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ(၂၀) ရက်မှ (၂၂)ရက်အထိ(၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် စာတတ်မြောက်ရေး လုပ်ငန်း၏ သဘောသဘာဝ၊ စာတတ်မြောက်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံမြန်မာစာ ဘာသာရပ်သင်ကြားနည်း၊ အခြေခံသင်္ချာဘာသာရပ်သင်ကြားနည်း၊ သင်ကြားသင်ယူမှုနည်း စနစ်များ၊ သင်ပြနည်းဆိုင်ရာသိမှတ်ဖွယ်ရာများ၊ စာသင်သား၊ စာသင်ဝိုင်းနှင့် နည်းပြ၊ကြီးကြပ် စာရင်းကောက်ပုံစံများ၊ တတ်မြောက်မှုပုံစံများ စသည့် ဘာသာရပ်များကို သင်ကြားပို့ခ ျပေးသွားမည်ဖြစ်ကြောင်းနှင့် နေပြည်တော်(၈)မြို့နယ်အတွင်း စာရင်းကောက်ယူရရှိထား သော (စာမတတ်သူ) စာသင်သား(၅၂၉)ဦးကို တစ်ရက်ပျမ်းမျှ (၃)နာရီ နှုန်းဖြင့် အနည်းဆုံး နာရီပေါင်း(၁၂၀) ရက်ပေါင်း(၄၀)ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်