နေပြည်တော်၊ အောက်တိုဘာ ၂၁

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများကို ဆေးရုံးအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ ရာသီအလိုက်ပွင့်သည့် ပန်းပင်များစိုက်ပျိုးရေး၊ အမြဲသန့်ရှင်းသာယာရေးနှင့် လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ  မြို့နယ်သံဃနာယကအဖွဲ့ဝင် နန်းဦးပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော်ဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဥဇ္ဇောတ မထေရ်မြတ်နှင့် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်း ကျေးရွာအုပ်စု၊ ရှားတောကျေးရွာရှိ  မြို့နယ်သံဃနာယကအဖွဲ့ အကျိုးဆောင် ရှားတောကျောင်း တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ မထေရ်မြတ်တို့အား သွားရောက်ဖူးမြော် ကြည်ညိုပြီး သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တဲကြီးကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေး ရှင်းလင်းဆောင်၌ မိုးစပါးစိုက် တောင်သူများနှင့် တွေ့ဆုံပြီး စုပေါင်းမြေဩဇာ ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာအစကားပြောကြားသည်။

 

mdn

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တဲကြီးကုန်းကျေးရွာအနီး နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ခင်းများ၌ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရော စပ်၍ စုပေါင်းကြဲပက်နေမှု၊ ကောက်ရိုး၊ ဗေဒါ၊ ရိုးပြတ်၊ နွားချေးများကို သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်သုံးစွဲသုံးစွဲမှု၊ တီကောင်မွေးမြူရေးကန်တို့ကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် အလျင်လိုကျေးရွာအုပ်စုသို့ ရောက်ရှိရာ  မြန်မာနယူးဧရာ စိုက်ပျိုးရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက မျိုးစေ့ထုတ်လုပ်နေမှု၊ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်မှု၊ မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ပြည်တွင်းပြည်ပ ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ် သည်များကို မှာကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ်၊ ရေကာကျေးရွာအုပ်စု၊ ဇီးဖြူတန်းကျေးရွာရှိ ဇီးဖြူတန်း KC စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင်း ရုံးပင်ခေါင်းနှင့် ပေါင်းလောင်းမြစ်တို့မှ ရေကြီးရေလျှံမှုဖြစ်ကာ ရေကြီး နစ်မြုပ် ပျက်စီးခဲ့သည့် သီးနှံစိုက်ဧကများအတွက် တောင်သူများအား မျိုးစေ့များ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ(၆၅) ဦးအား ပျက်စီးခဲ့သည့် (၁၄၉) ဧက အတွက် ဆောင်းသီးနှံ စိုက်ပျိုးရန် မြေပဲတင်း (၁၂၀)၊ နှမ်းတင်း (၂၀) နှင့် နေကြာတင်း (၂၀)တို့ကို ထောက်ပံ့ပေးသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပြောင်းခေါင်းကြီး ကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာအနီးရှိ နိုင်ငံ့စီးပွားမြှင့်ရေး အရင်းမပျောက် မတည်ငွေဖြင့် ဆောင်ရွက်သည့် ဒေါ်မေသွေးကို၏  ဟိန်းမဟာ အသားတိုးကြက် မွေးမြူရေးခြံသို့ ရောက်ရှိပြီး အသားတိုးကြက် မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်