နေပြည်တော် နိုဝင်ဘာ ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအနီး ပင်လောင်းလမ်းဘေးဝဲယာတွင် ပြောင်းနှင့် နေကြာသီးနှံ စိုက်ပျိုးနိုင်ရေး ကွင်းဆင်ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုနှင့် စိုက်ပျိုးရေရရှိရေးကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအနီး ပင်လောင်းလမ်းဘေးတွင် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်ရှိ ဆင်သေချောင်းတံတား(ကျောက်ချက်) (၄)လမ်းသွား တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ၊ ချောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မြစ်ကမ်း ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ မေတ္တာကန်သို့ရောက်ရှိပြီး အများပြည်သူများ အပန်းဖြေအနားယူနိုင်သည့် နေရာဖြစ်စေရေး၊ ကန်အတွင်း၊ ကန်ပတ်ဝန်ကျင် သန့်ရှင်းသာယာလှပရေးကို အမြဲ မပြတ်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်