နေပြည်တော် ၈  ဇူလိုင်


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး ကျင်းပသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ် သင်တန်းကျောင်း(ဒက္ခိဏ)၌ ကျင်းပသည်။


မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း ဖွင့်ပွဲအခမ်း အနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာ စကားပြောကြားရာ၌ ပြန်ကြားရေးဝန်ကြီးဌာန၏  ရည်မှန်းချက်တာဝန်(၃)ရပ်မှာ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်တို့ဖြစ်ပါကြောင်း၊  ပြန်ကြားရန်ဆိုသည့် စကားသည် အလွန်ကျယ်ပြန့်ပါကြောင်း၊ မိမိတို့ဌာနသည် ပြည်သူကိုပြန်ကြားပေး ရန်၊ အသိပညာပေးရန်အတွက် ကိုယ်ကိုယ်တိုင် အသိပညာပြည့်ဝ နေရမည်ဖြစ်ပါကြောင်း၊ ပြည်သူများကို ပြန်ကြားရန်အတွက် သိရှိပြီးသားအချက် အလက်များကို ထုတ်ပြန်ပေးရ မည်ဖြစ်ပါကြောင်း။
ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မည်သည့်အရာသည်အရေးအကြီးဆုံး အချက် ဖြစ်သည်၊ မည်သည့် အချိန်ထုတ်ပြန်ပေးရမည်၊ မည်သိိုု့ထုတ်ပြန်ပေးရမည် စသည် တို့နှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် သင်တန်းများ များစွာပို့ချပေးလျက်ရှိပါကြောင်း။   


ယနေ့ပြုလုပ်သည့် သင်တန်းသည် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း(Media and information Literacy-MIL)ဖြစ်ပါကြောင်း၊ ရွေး ကောက်ပွဲတွင်မည်သို့လုပ်ရမည်၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီလူ့ဘောင်အတွက် မည်မျှအရေးကြီးသည်၊ မည်သည့်အရာများကို ပညာပေးရန်လိုမည်၊ မည်သို့လေ့လာ ရမည်၊ ချဉ်းကပ်ရမည် စသည်ဖြင့်များစွာရှိပါကြောင်း၊ မီဒီယာဆိုသည့် စကားသည် နည်းပညာပြောင်းလဲခြင်းနှင့်အတူ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေပါကြောင်း။
       

သတင်းအချက်အလက်ဆိုင်ရာ Information Literacy ကို လေ့လာရမည် သင် ယူရမည်ဖြစ်ပြီး အလွန်တာဝန်ကြီးလေးပါကြောင်း၊ Information Literacy ဆိုသည် သတင်းတစ်ပုဒ်မှန်သည် မှားသည်ဆိုသည်ကို သိရမည်၊ မြင်ရမည်ဖြစ်ပါကြောင်း၊ Share လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား နားလည်ရမည်ဖြစ်ပါကြောင်း၊ ယခု သင်တန်းသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် ပထမဆုံးဖွင့်သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းကရရှိလာမည့် အတွေ့အကြုံ၊ ဗဟုသုတများကို တိုင်းပြည်အတွက် အကောင်းဆုံးနှင့် အကျိုးရှိအောင် အသုံးချနိုင်ရန်ဖြစ်ပါကြောင်း၊ Knowledge Sharing အနေဖြင့် လုပ်ရမည်ဖြစ်ပါကြောင်း၊ ရောက်သည့် နေရာတွင် ဆင့်ပွားသင်တန်းများ ပို့ချရပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။


မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်းကို မီဒီယာနှင့် သတင်းအချက်အလက်တို့တွင်ပါရှိသည့် အကြောင်းအရာများကို ရယူအသုံးပြုနိုင်ခြင်း၊ သုံးသပ်အကဲဖြတ်ခြင်းနှင့် ဖန်တီးခြင်း၊ မျှဝေခြင်းနှင့် အသုံးပြုခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။
 

ယခုဖွင့်လှစ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သင်တန်းကို ဇူလိုင် ၈ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်ကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ UNESCO နှင့် MBAPF တို့မှ နည်းပြများက သတင်းထုတ်ပြန်ခြင်း၊ ပြည်သူတို့၏ သတင်းသိရှိပိုင်ခွင့် ဖြည့်ဆည်းရေးနှင့် နိုင်ငံတော်အစိုးရ၏ ပွင့်လင်းမြင် သာမှုဖော်ဆောင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာသိနားလည်မှု၊ ရွေးကောက်ပွဲကာလအတွင်း သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ Introduction to ICT and Cloud Computing ၊ Professional Emailing ၊ Internet Safety and Critical Thinking ၊ Cloud Storages ၊ Surveys and Analysis၊ Web Search ၊ Productivity Tools စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွွှန်ကြားရေးမှူးချုပ်၊ သင်တန်းနည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ သင်တန်းသား သင်တန်း သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


သတင်းစဉ်