နေပြည် နေပြည်တော် ဇူလိုင် ၇

 

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၅ ခုနှစ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တပ်ကုန်းတပ်နယ်အသင်းနှင့် ဇေယျာသီရိတပ်နယ် (ခ)အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် တံခွန်စိုက်ဖလား ဆုရရှိသော ဇေယျာသီရိတပ်နယ်(ခ) အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုဖလားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဇွန် ၂၇ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်