နေပြည်တော် မတ် ၂၉

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဝဏ္ဏသိဒ္ဓိရေကူးကန် နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ်(/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်() နာရီတွင်နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်၌ကျင်းပသည်။

 

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဝဏ္ဏသိဒ္ဓိရေကူးအသင်း အနေဖြင့် သက်တမ်းအလိုက် ရေကူးပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနမှလည်း မြန်မာနိုင်ငံရေ ကူးအဖွဲ့ချုပ်နှင့်ပူးပေါင်း၍ ကလပ်အသင်း ပေါင်းစုံရေကူးပြိုင်ပွဲနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူး ပြိုင်ပွဲများကိုလည်း ကျင်းပပေးသွားမည့်အပြင် လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစား ပွဲတော်တွင်လည်း ရေကူး အားကစားနည်းကို ထည့်သွင်းကျင်း ပသွားမည်ဖြစ်ကြောင်း၊  မိဘ အုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်းဖိုးရှိသည့် လူတော် လူကောင်းများ ဖြစ်လာစေရန် ယခုလို နွေရာသီအားကစားသင်တန်းများ တက်ရောက်သင်ကြားစေရေးကို အားပေးတိုက်တွန်းပေးစေ လိုပါ ကြောင်း တိုက်တွန်း ပြောကြားသည်။

 

ဆက်လက်၍ အသက်(၁၆)နှစ်အထက် (အမျိုးသား/အမျိုးသမီး) နွေရာသီရေကူးသင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းဆင်း လက်မှတ်များကို ပြည်ထောင်စုဝန်ကြီး ကလည်းကောင်း၊ အသက်(၁၂)နှစ်အထက် (အမျိုးသား/ အမျိုးသမီး) နွေရာသီရေ ကူးသင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းနည်းပြဆရာများအတွက် ချီးမြှင့်ငွေများကို  ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ အသက်(၁၂)နှစ်အောက် (အမျိုးသား/အမျိုးသမီး) နွေရာသီရေကူး သင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် ပထမဆုရရှိသည့် သင်တန်းသား/ သင်တန်းသူများကို ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် အခမဲ့ Member Card များကို ညွှန်ကြားရေးမှူးချုပ်များက လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 

သင်တန်းဆင်းပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း  သိရသည်။

(သတင်းစဉ်)