ညောင်ဦး ၁၀  မေ     

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ နွေရာသီ မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ပြည်သူများ မီးဘေး အန္တရာယ်မဖြစ်အောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မေ ၁၀ ရက်၊ နံနက် ၉ နာရီက ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ညောင်ဦးမြို့၊ အမှတ်(၆)အောင်မြေသာရပ်ကွက်ရှိ Feel စားသောက်ဆိုင်သို့သွားရောက်ပြီး နွေရာသီ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှေးဦးစွာ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်နှင့် တပ်ဖွဲ့ဝင်များက ရာသီဥတု အပူချိန်မြင့်တက်နေမှုကြောင့် မီးဘေးအန္တရာယ်မဖြစ်အောင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရေးတို့ကို ပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောသည်။ ထို့နောက် ဒုတိယမီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက Feel စားသောက်ဆိုင်အတွင်း တပ်ဆင်အသုံးပြုသည့် လျှပ်စစ်မိန်းခုံများနှင့် လျှပ်စစ်ဝါယာကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိ ၊ ရေလှောင်ကန်များတွင် ရေအပြည့် ဖြည်းတင်းဆောင်ရွက်ထားမှု ရှိ/ မရှိ ၊ မီးငြှိမ်းသတ်ပစ္စည်းများဖြစ်သည့် မီးသတ် ဆေးဗူး၊ မီးချိတ် ၊ မီးကတ် ၊ သဲပုံး ၊ ရေပုံး အစရှိသည့် မီးငြှိမ်းသတ်ပစ္စည်းများ စီစဉ်ဆောင်ရွက်ထားမှု ရှိ/ မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား နွေရာသီ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ပစ္စည်းများအသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်နည်းအား ပညာပေး လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)