ဓနုဖြူ  ၉  မေ 


ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များပျော်ရွင်စေရန် ခါးလှည့်ကွင်းကစားနည်းအား မေ ၈ ရက် ညနေ ၃ နာရီက ပြုလုပ်ခဲ့သည်။


နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်ကြစေရန် ဂိမ်းကစားနည်း တစ်မျိုးဖြစ်သည့် ခါးလှည့်ကွင်းကစားနည်းကိုပျော်ရွင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့သည်။ ကလေးငယ်များနွေရာသီကျောင်းပိတ်ရက်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းရှိ သုတ၊ ရသ၊ ရုပ်ပြစာအုပ်များဖတ်ရှုရင်းဖြင့်သော်လည်းကောင်း လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းများ၊ ဂိမ်းကစားနည်းများ ပြုလုပ်ခြင်းဖြင့်သော်လည်းကောင်း ပျော်ရွင်စွာ လာရောက်လျက်ရှိကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)