တာချီလိတ် ၊ ၂ ဒီဇင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ထိုင်းနိုင်ငံသား သံဃာတော်များအပါအဝင် အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၃၁ ဦးတို့ကို မြန်မာ တာဝန်ရှိပုဂ္ဂိုလ်များက ဒီဇင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
လွှဲပြောင်းပို့ဆောင်ခြင်းမပြုမီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ခဲ့ ကာ စနစ်တစ်ကျပြန်လည်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြသည်။
နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား ၁၁ ဦးကို တာချီလိတ်မြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဌာနခွဲ(၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်နှင့် တာဝန်ရှိသူများ၊ ဦးစည်သူမောင် (အတွင်းရေးမှူး) ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးအဖွဲ့ (CNCMC)တို့က ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ ရွေ့လျား Covid-19 ရောဂါစစ်ဆေးရေးစက်ဖြင့် စနစ်တကျ စစ်ဆေးပြီးနောက် တာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့ကြကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)


