ငွေဆောင် ၂ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ ချစ်သူများကျွန်းတွင် ယမန်နေ့ ညနေ ၃ နာရီက ကမ်းခြေသန့်ရှင်းသာယာ လှပစေရေးနှင့် လာရောက်အပန်းဖြေ လည်ပတ်ကြသော ဧည့်သည်များ စိတ်ချမ်းမြေ့စွာ အနားယူနိုင်စေရန်အတွက် စုပေါင်းအမှိုက်ကောက်ပွဲ ကျင်းပခဲ့သည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ပွဲကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်ဝန်ထမ်းများ၊ စည်ပင်တည်းခိုရိပ်သာဝန်ထမ်းများ၊ ဒေသခံများနှင့် Trash Hearo အဖွဲ့များ စုစုပေါင်းအင်အား (၁၅၀)ခန့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
နှင်းဝေဦး (ပြန်/ဆက်)


