ငွေဆောင် ၂၈ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့တွင် ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မြို့သန့်ရှင်း သာယာလှပရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ အမှိုက်စွန့်ပစ်တတ်စေရန် ရည်ရွယ်၍ ရန်ကုန်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ဝေသော စွန့်ပစ်အမှိုက်ဆိုင်ရာ ပညာပေးလက်စွဲစာစောင်များကို မြို့စည်ပင်သာယာ အဖွဲ့က မြို့ပေါ်ကျောင်းများသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်စွဲစာစောင်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူအတွက် ပညာပေးအစီအစဉ်များဟူ၍ ကဏ္ဍသုံးခုဖြင့် ဖော်ပြထားကြောင်း သိရသည်။
နှင်းဝေဦး (ပြန်/ဆက်)


