ငွေဆောင်  ၆  ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ သာယာကုန်းလမ်း အနောက်ဘက်တောတွင်းရှိ အပင်များ၌ ဒေသအခေါ်(နှံကောင်)များ ကျရောက်ကြောင်း ကြားသိရ၍ ငွေဆောင်မြိုအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းနှင့် တာဝန်ရှိသူများမှ ယင်းနှံကောင်များ ကျရောက်သည့် နေရာများသို့ ယနေ့ နေ့လယ်ပိုင်းတွင် သွားရောက်ကာ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ယင်းနှံကောင်များသည် ဒေသခံများ စိုးရိမ်နေကြသည့်ဖျက်အားပြင်း ကန္တာရကျိုင်းကောင်များ ဟုတ်၊ မဟုတ် ဓာတ်ခွဲစစ်ဆေးမှုများကို အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန သလပ်ခွာစိုက်ပျိုးရေးစခန်း တာဝန်ခံ ဦးဌေးလှိုင်ထံမှ သိရသည်။

မူမူသွင်